ခံစားချက်ကဗျာ
တောင်ကြီးမျက်မှန်းကိုမြို့တည်ထောင်လိုက်တဲ့
နင့်ရဲ့အကြည့်တစ်ချက်ကို
ငါကျေးဇူးတင်ပါတယ်
ပင်လယ်ရေတောင်
ချိုသွားစေတဲ့
နင့်ရဲ့အပြုံးတစ်ခုကို
ငါကျေးဇူးတင်ပါတယ်
ငရဲမီးတွေတောင်
အေးမြသွားစေတဲ့
နင့်ရဲ့ အသံလေးကိုလည်း
ငါကျေးဇူးတင်ပါတယ်
မြင့်မိုရ်တောင် တောင်
မမြင်မိတော့တဲ့
နင့်ရဲ့အချစ်တွေကိုလည်း
ငါကျေးဇူးတင်ပါတယ်
အရာရာမှာ
ပြည့်စုံသွားခဲ့တဲ့
နင့်ကိုလည်း
ငါကျေးဇူးတင်ပါတယ်
ဒါပေမဲ့ ချစ်သူရယ်..
နင်ရဲ့အမုန်းတွေနဲ့တော့
ငါကို ကျေးဇူးမကန်းလိုက်ပါနဲ့နော်......။......။

0 comments:
Post a Comment