"THANK YOU, for visiting mysite"
Saturday, 5 July 2014

♫ဘာမှမဟုတ်သော ကဗျာတစ်ပုဒ်♥♫

လွမ်းရအောင်လည်း
ငါတို့ချစ်သူတွေမဟုတ်ကြဘူး
မုန်းရအောင်လည်း
ငါ့မှာ ဝေါဟာရမရှိပြန်ဘူး
သတိရအောင်လည်း

အမှတ်တရအဖြစ်အပျက်တွေ မရှိကြပြန်ဘူး
တွေ့ရအောင်လည်း
ဆုံစည်းခွင့်ကိုမမြင်မိပါဘူး
ကြင်နာရအောင်လည်း
မေတ္တာတုံ့ပြန်မှုဆိုတာ နတ္ထိ
နာကျင်ရအောင်လည်း
နစ်နာအောင်လည်းမလုပ်ခဲ့ပြန်ဘူး
ချစ်ရအောင်လည်း
မျှော်လင့်ချက်တွေဘာမှမကျန်တော့ဘူး
ထားခဲ့တယ်လို့ပြောရအောင်လည်း
အစကတည်းကအတူတူမဟုတ်ခဲ့ပါဘူး
အထီးကျန်တယ်ဆိုရအောင်လည်း
အဖော်မရှာခဲ့ပါဘူး
ကဗျာဆန်ရအောင်လည်း
ကာရန်တွေကမှုန်ဝါးနေပြန်တော့
တေးသီရအောင်လည်း
နရီတွေပျောက်ရှနေပေါ့
ကဲ.....ဝေးလွင့်ရအောင်လည်း
နီးစပ်မှုက မဖန်လာ
ကန္တာရ ဟင်းလင်းပြင်ပမာ
သည်ရင်မှာ ဟာနေဆဲပါ.....ကွယ်......။







0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။