"THANK YOU, for visiting mysite"
Friday, 11 July 2014

Huawei Y Series တွေမှာ Speaker လဲပြီးနောက် Touch မရတော့တဲ့ပြဿနာ ဖြေရှင်းနည်း

Hardware Service သမားတွေ ဝမ်းသာရမယ့် သတင်းတစ်ပုဒ်ပါ.. သိပြီးသားဆိုရင်လည်း လူတတ်ကြီးလုပ်တယ်လို့ မယူဆစေလိုပါ..


Huawei Y series တွေကို Speaker လဲလိုက်ပြီဆိုတာနဲ့ Touch Error တက်ပါတယ်.. ဖုန်း Hardware Service သမားအချို့ကတော့ Touch Screen များ တစ်ခုခုဖြစ်သွားပြီလား စိုးရိမ်ကြပါတယ်.. Customer ကလည်း သူ့ဆီမှာ အသံမမြည်လို့ Speaker လဲတဲ့ခါမှာ နှိပ်လို့ကို မရတော့ဘူးဆိုပြီး ပြဿနာရှာကြတော့တာပါပဲ..

Speaker လဲစဉ်က အခြား ဘာမှ မထိခိုက်ဘဲ Touch Error ပဲတက်တာ. Home Screen Lock ကိုဖြည်မရဖြစ်တာကို Recovery Mode ထဲဝင်ပြီး Factory Reset ချပေးလိုက်ရင် အဆင်ပြေပါတယ်..
1. ဖုန်းကို ပါဝါပိတ်လိုက်ပါ.. ပြီးရင် Volume Up + Power တွဲနှိပ်ပြီး Recovery Mode ဝင်လိုက်ပါ..
2. wipe data/factory reset ကိုရွှေ့ပြီး Factory Reset ချပေးလိုက်ပါ...
 နောက်တစ်ခု တပ်လျှာရှည်ချင်သေးတယ်ခင်ဗျ..
Y220T ကို Volume Up + Power တွဲနှိပ်ရင် Recovery ကို မရောက်ဘူးခင်ဗျ.. အဲဒါ တော်တော် ရွာပတ်တာနှော်.. မိတ်ဆွေများ ကြုံဖူးမှာပါ.. ဒီလိုလုပ်လို့ရတယ်ခင်ဗျ..

ဖုန်းကို ပါဝါပိတ်..
Volume Down + Power တွဲနှိပ်ထားလိုက်.. Android Logo နဲ့ တြိဂံလေးပေါ်လာတဲ့အခါမှ ခလုတ်နှစ်ခုစလုံးကို လွှတ်ပြီး Volume Up ကိုဖိထားလိုက်ပါ.. အဲဒီတော့မှပဲ.. Recovery ကိုရောက်တော့တယ်.. တော်တော်တော့ စိတ်ရှည်ရှည်နဲ့စောင့်ရတယ်ဗျ.. ကျွန်တော်တောင်မှ စိတ်မရှည်လို့ လွှတ်လိုက်တဲ့အခါကျမှ တက်လာတာ

0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။