အခြေခံ Hacking နည်းပညာ
ဟက်ကာဆိုတာဘာလဲ နှင့် ကျွန်ုပ်၏ အမြင်Hacking ပညာရပ်ဆိုသည် သင်ယူလို့ရသော ပညာမဟုတ်။ အသုံးချ နည်းပညာများကို လေ့လာတွေ့ရှိပြီး အားနည်းချက်ကို ရှာဖွေနိုင်သော ပညာဖြစ်သည်။ Online ပေါ်တွင် Hacking နဲ့ပတ်သတ်သော စာအုပ်များစွာကိုတွေ့ဘူးပြီး Hacking နှင့်ပတ်သတ်သော web site များလဲ ပေါ်ထွက်နေပါပြီ။
Vulnerability ပေါင်းများစွာကို hacker ဟုခေါ်သော လူစုများက ရှာဖွေတွေ့ရှိပြီး web site ပေါင်းများစွာတွင် တင်ထားကြပါတယ်။ အဲဒီ နည်းပညာရပ်တွေကို အသုံးပြု မှီခို နေတဲ့လူတွေအများကြီးရှိပါတယ်။ ဒါတွေက ဟက်ကာတွေလားဆိုတဲ့ မေးခွန်းမေးနိုင်ပါတယ်။
Tool user တွေပါ၊ professional hacker တစ်ယောက်ဆိုတာ ပါရမီအရင်းခံပြီး ကွန်ပျူတာ နည်းပညာ ကိုရူးသွပ်တဲ့ လူတစ်ယောက်ရဲ့IT ပိုင်းဆိုင်ရာပျော့ကွက်ကို ရှာတွေ့နိုင်ခြင်းဖြစ်ပါတယ်။ White, black, gray လို့ခေါ်တဲ့ hacker သုံးမျိုးခွဲထားပါတယ်။ နဲ့ black ကတော့ ရန်သူတွေပေါ့။ အများစုက gray တွေပါ။
ဒါဆို ကျနော်ရေးထားတဲ့ စာအုပ်ကကော၊ ဖတ်ပြီး hacker တစ်ယောက်ဖြစ်နိုင်ပါ့မလား လို့မေးနိုင်စရာအကြောင်းရှိပါတယ်။ ကျနော်ကိုယ်တိုင်တောင်မှ ဟက်ကာမဟုတ်တာဗျ။ :D ။ ကျနော်သိတာလေးတွေကို share လုပ်ပေးချင်တဲ့ရည်ရွယ်ချက်ကို အဓိကထားတာပါ။
……………………………………………………………………………………………………………………………………………...........
အပိုင်း (၁) လိုအပ်သော အရည်အခြင်းများ
hacking လုပ်သည့်နေရာတွင် တစ်ဦးတစ်ယောက်လုပ်ခြင်းထက် အ များနှင့် ပူပေါင်းပြီး လုပ်လျှင် ပိုပြီး အ ကျိုးရှိသည်။ ထို့ကြောင့် Ethical hacking တွင် Hacker များစုဖွဲ့ပြီး TEAM တစ်ခုအ နေဖြင့် လုပ်ဆောင်ရသည်။ ၎င်းတို့သည် အ ချိန်တိုင်း မိမိ ကိုင်တွယ်ရသော System အား လိုအ
ပ်ချက်များကိုရှာဖွေပြင်ဆင်ရသည်။ တိုက်ခိုက်ခြင်းမျိုးစုံ ရှိသည့်အ တွက် အားလုံးကိုသိရှိရန်မှာမဖြစ်နိုင်ပေ။မိမိhacking အ ဖွဲ့တွင် လုပ်ကိုင်သောသူများသည် အောက်ဖော်ပြပါ ပညာရပ်များကို တစ်ဦး တစ်ယောက်ခြင်း အ သေအ ချာတတ်မြောက်ရန်လိုအပ်သည်။
· Programming · Webdeveloping
· Software Crackers · Web Hackers · Network security groups · system admin groups · database Hackers · crytoanalizer ၎င်းပညာရပ်များ အားလုံးကို သိရှိရန် မလိုပေ။ သို့သော် general knowledge သိရှိရမည်။ မိမိ Hacker အဖွဲ့တွင် လူတစ်ယောက်စီ ပညာတစ်ခုစီကို သေသေချာချာတတ်မြောက်ရန်လိုအပ်သည်။ Hacker တစ်ယောက်အောင်မြင်စွာပြုလုပ်နိုင်ရန်အတွက်လိုအပ်ချက်များစွာရှိသည်။ မိမိ ၀င်ရောက်လိုသော နေရာ၏ data အပြည့်အစုံကိုသိရှိအောင် အရင်ဆုံးပြုလုပ်ရမည်။ IP address မိမိဝင်ရောက်ရမည့် Computer ၏ address Hostname မိမိ ၀င်ရောက်ရမည့် Computer ၏ နာမည် Software ၎င်း Computer တွင်အသုံးပြုသော Software များ Firewall rules Network ၏ လုံခြုံရေးအတွက်အသုံးပြုထားသည်များ Phone Numbers ဖုန်းနံပါတ် Employee names အလုပ်သမားများ ၏ အကြောင်းအရာများ မိမိတို့သိလိုသော အချက်များစွာကို Internet မှ များစွာအကူအညီပေးနိုင်သည်။ သင်hacking လုပ်လိုသော နေရာ၏ data ၆၀% ကို internet မှရှာနိုင်ပါသည်။ ၎င်း၏ company နှင့်ပတ်သက်သော ဖုန်းနံပါတ် ၊ IP address ၊ Firewall ၊ အလုပ်သမား ဦးရေ ၊ company စတင်တည်ထောင်သောနေ့ ၊ company ၏ ပိုင်ရှင် အမည်များ ၊ company ချိတ်ဆက်ထားသော တခြားNetwork များ၊ company ၏ထုတ် ကုန်များစသည့် သတင်းအချက်အလက်များကိုအကျိုးရှိရှိ အသုံးချရမည်ဖြစ်သည်။ hacking ပြုလုပ်ရန်အတွက်အသုံးပြုသော Tools များ 1. Google (အကြောင်းအရာများစွာကို ရှာနိုင်သည်။) 2. Google Earth (Network ချိတ်ဆက်ခြင်းများကို ကြည့်ရှုရန်) 3. Nmap (IP addres များကိုကြည့်ရှုရန်)
4. John The Ripper (Password များကိုကျော်နိုင်ရန်) 5. Lan Guard (မိမိ၏ Network ကို စောင့်ကြည့်ရန်) 6. Pwdump 6 (Password များကိုချိန်းရန်) 7. Firebug (website များမှပြင်ပြီး server ထဲသို့ဝင်ရန်) 8. Java ( Mysql ကိုပြင်ဆင်ရန်) 9. putty (တခြား Computer ထဲသို့ ၀င်ရောက်ရန်) ၎င်း တို့ဖြင့်စတင်စမ်းသပ် အသုံးပြုကြပြီး မိမိတို့၏ ဥာဏ်ရည်ဥာဏ်သွေးအရ ဆက်လက်အကောင်အထည်ဖော်ကြည့်သင့်သည်။Tools များ၏ အလုပ်လုပ်ပုံကို သေချာ နား လည်မှသာ အသုံးပြုနိုင်မည်ဖြစ်သည်။Tools များ၏ အားနည်းချက်များကို သိထားရမည် ဖြစ် သည်။ Tools များကိုသုံးလျှင် ၎င်းတို့၏ သုံးစွဲပုံ အကြောင်းကို သေချာဖတ်ကြည့်ရမည်။ ……………………………………………………………………………………………………………………………………………...........
0 comments:
Post a Comment