"THANK YOU, for visiting mysite"
Monday, 28 July 2014

Android ထုတ်ကုန်တစ်ခုကို အလွယ်တကူ root ပြုလုပ်ခြင်း

Android ထုတ်ကုန် တစ်ခုကို root ပြုလုပ်ခြင်းသည် operating system ကို unlock ပြုလုပ်ပြီး Google က အတည်မပြုထားသည့် app များ ထည့်သွင်းခြင်း၊ OS ကို update လုပ်ခြင်း၊ firmware အစားထိုးခြင်း၊ processor မြန်နှုန်းမြှင့်ခြင်း စသည်တို့ကို စိတ်ကြိုက်ပြင်ဆင် ပြုလုပ်စေနိုင်သည်။     အခုဖော်ပြပေးမည့် နည်းလမ်းက အခမဲ့ Windows utility တစ်ခုဖြစ်သည့် Kingo Android Root ကို အသုံးပြုပြီး Android ထုတ်ကုန်တစ်ခုကို အလွယ်တကူ root ပြုလုပ်ခြင်း ဖြစ်သည်။ ပြုလုပ်ပုံမှာ အောာက်ပါအတိုင်း ဖြစ်သည်။  

အဆင့် (၁) Kingo Android Root ကို Kingo Android Root ကို http://www.kingoapp.com/android-root.htm တွင် download လုပ်ပြီး install လုပ်ပါ။

အဆင့် (၂) USB debugging mode ကို enable လုပ်ပါ။ Android 4.0 နဲ့ 4.1 ကို အသုံးပြုထားခဲ့ရင် Settings > Developer Options ကိုသွားပြီး USB debugging ဘေးက box ကို အမှန်ခြစ်လုပ်ပါ။ Android 4.2 ကို အသုံးပြုတယ်ဆိုရင် Settings > About Phone > Developer Options မှာ USB debugging ကို အမှန်ခြစ်လုပ်ပါ။ ပြီးရင် ပြောင်းလဲထားတဲ့ setting အတွက် OK ကိုနှိပ်ပြီး အတည်ပြုပါ။ Android 4.3 နဲ့အထက် ဆိုရင်တော့ Settings > About Phone ထဲမှာ Build Number ကိုရှာပြီး ၇ ချက်နှိပ်ပါ။ “You are now a developer!” ဆိုတဲ့ စာတန်းပေါ်လာရင် USB debugging ကို enable လုပ်ပြီးပါပြီ။

အဆင့် (၃) Kingo Android Root ကို ကွန်ပျူတာတွင် ဖွင့်ပါ။ ပြီးရင် USB cable မှတစ်ဆင့် ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ဆက်ပါ။

အဆင့် (၄) Root ကိုနှိပ်ပြီး လုပ်ငန်းစဉ် ပြီးတဲ့အထိ ခေတ္တစောင့်ပါ။     Android ထုတ်ကုန်က အလိုအလျောက် reboot ဖြစ်သွားပြီ ဆိုရင်တော့ root လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။ တကယ်လို့ root ကို ပြန်ဖြုတ်ချင်တယ်ဆိုရင်တော့ root လုပ်ထားတဲ့ Android ထုတ်ကုန်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်ပြီး Kingo Android Root က Remove Root ခလုတ်ကို နှိပ်ပြီး ပြုလုပ်နိုင်ပါတယ်။

သတိပြုရန် - Android စမတ်ဖုန်းများနှင့် tablet ကွန်ပျူတာများကို root လုပ်ပါက ချွတ်ယွင်းချက် ဖြစ်နိုင်ပါသည်။ ချွတ်ယွင်းချက်များ ဖြစ်ပေါ်လာပါက root ပြုလုပ်သူ၏ တာဝန်သာ ဖြစ်ပါသည်။

Ref: CNET


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 

0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။