"THANK YOU, for visiting mysite"
Tuesday, 15 July 2014

ကိုယ်အပြင်သွားနေတုန်း ကိုယ့် File တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့ မရအောင် ပိတ်ထားကြရအောင်

Post Title က အရှည်ကြီးပဲ ...... ရေးရတာ မောလိုက်တာ :) :)
ဒီနေ့တော့ Prevent လေးနဲ့ မိတ်ဆက်ပေးချင်တယ်ဗျာ။

ဒီ Software လေးက File တွေ Folder တွေကို Cut , Copy , Paste , Delet , Rename လုပ်လို့မရအောင် ပိတ်ပေးထားတဲ့ Software လေးပါဗျာ ။
Software လေးကို အရင်ဆုံး ဒီကနေ ဒေါင်းလိုက်ပါ။
ပြီးရင် Install လုပ်လိုက်ပါ။
ပြီးရင် Run လိုက်ပါ။
Prevent Software လေးကို ရပ်ဖို့ အတွက် Hotkey လေးသတ်မှတ်ခိုင်းပါလိမ့်မယ်။
ကျွန်တော်က တော့ အပေါ်က ပုံမှာ မြင်ရတဲ့ အတိုင်း Ctrl+T လေး ကို Hotkey လေးပေးထားပါတယ်။
(ကိုယ်ကြိုက်တဲ့ Hotkey လေး တစ်ခု ကိုယ့်ဘာသာကို သတ်မှတ်လိုက်ပါ။)
အဲဒီ့ Hotkey လေးကို မှတ်ထားပါနော်။
Activate Button လေးကို Click လိုက်ပါ။ Hotkey Saved ဆိုတဲ့ Message ဘောက်လေးပေါ်လာပါလိမ့်မယ်။ OK ပေးလိုက်ပါ။
Prevent လေး စပြီး Hiden ဖြစ်သွားပြီး တိတ်တိတ်ကလေး Run နေပါပြီဗျာ။
အခုက စပြီး Cut , Copy , Paste , Delete , Copy To , Move To , Send To , Rename စတဲ့ Function တွေ သုံးလို့မရတော့ပါဘူး။
သူက Task Manager ထဲက Process Tab ထဲမှာ Right Click Menu မပေါ်အောင်ပါ ကာကွယ်ထားပါတယ်ဗျာ။
Prevent Software လေးက ကာကွယ်ထားတာကို ရပ်ချင်တယ်ဆိုရင်တော့ ခုနက ကိုယ်သတ်မှတ်ထားတဲ့ Hotkey လေးကို သုံးပြီး ရပ်လိုက်ပါ။
ပိတ်ထားတဲ့ Function လေးတွေ ပြန်သုံးရတာကို တွေ့ရပါလိမ့်မယ်။

 *** Prevent သည် Drag & Drop လုပ်ပြီး Copy လုပ်သော Function ကို မကာကွယ်ပါ။ Ctrl+C နှင့် Right Click Menu မှ Copy ကိုသာ ကာကွယ်ပါသည်။
 Credit to www.ucmagway.blogspot.com
 အဆင်ပြေပါစေ . . .

0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။