Trojan Horse
Intro
Trojan Horse
Hacking ရဲ့အဓိက တရားခံလို့ပြောနိုင်တာကတော့ Trojan ဆိုတဲ့ virus ကြောင့်ပါ။ အင်တာနက်ဆိုင်တွေမှာ တွေ့ရတတ်တယ် ။ USB Stick တွေကို virus scan လုပ်လိုက်ရင် တော်တော်များများတွေ့ရတဲ့ virus တစ်မျိုးလေ။ Trojan, Trojan နဲ့ လူသိတော်တော်များပါတယ်။ ကျနော်လေ့လာလို့သိရတာတော့ ကွန်ပျူတာရဲ့ အချက်အလက်တွေ၊ password တွေအခိုးခံရတာဟာ အဲ
ဒီ Trojan တွေကြောင့်လို့ သံသယဖြစ်မယ်ဆိုရင် မမှားနိုင်ပါဘူး။ Trojan ဆိုတာ program သေးသေးလေးပါ။ အဲဒီ program လေးက ကွန်ပျူတာတစ်ခု ထဲမှာ ၀င်ရောက်နေရာယူကာ hacker ဆီသို့ ၄င်းကွန်ပျူတာ၏ information များကို သတင်းပေးနိုင်သော Program တစ်ခုပါ။ ၄င်း Trojan ဖြင့် ကွန်ပျူတာများကို ထိန်းချုပ်နိုင်ပါသည်။
Trojan များ၏ အများအားဖြင့် လုပ်ဆောင်နိုင်သော အစွမ်းသတ္တိများကို အောက်တွင်ဖေါ်ပြထားပါသည်။
.CD-Rom drive များကို အဖွင့်၊ အပိတ် control လုပ်နိုင်ခြင်း
.သင်၏ ကွန်ပျူတာမှ screenshot ကို capture လုပ်နိုင်ခြင်း
.သင်၏ password များ ( Windows, MSN, Gmail, Yahoo,….အစသဖြင့်) ကို hacker ဆီသို့ သတင်းပို့ပေးနိုင်ခြင်း
.သင်၏ hard disk ထဲမှ file များကို လိုသလို ကူးယူနိုင်ခြင်း၊ delete လုပ်နိုင်ခြင်း
.Keyboard နှင့် mouse ကို Disable လုပ်နိုင်ခြင်း……အစသဖြင့်
Popular ဖြစ်နေသော Trojan များ
-NetBus
-SubSeven
NetBus Trojan မှာ အခြား Trojan များကဲ့သို့ အရေးကြီးတဲ့ အစိတ်အပိုင်း ၂ ပိုင်း ရှိပါတယ်။ NetBus Server.exe ရယ် Patch.exe ရယ်ဆို တဲ့ exe file ၂ ခု ပါဝင်ပါတယ်။ NetBus Server ကို သင်၏ ကွန်ပျူတာထဲသို့ အရင်ဆုံး install လုပ်ရန်လိုပါသည်။ Patch file ကို သင် hack ချင်သော ကွန်ပျူတာထဲသို့ သွင်းနိုင်ရန် အဓိက လိုအပ်ပါသည်။
ဥပမာ- သင် hack ချင်သော ကွန်ပျူတာ ပိုင်ရှင်၏ information ကိုအရင်ဆုံးစုံစမ်းသင့်ပါသည်။ သင်သည် မိတ်ဆွေ သူငယ်ချင်းဆို လျှင်ပို၍ အဆင်ပြေပါသည်။ ရှေးဦးစွာ သူ ၏ email သို့ ပို့၍ run ခိုင်းခြင်းအားဖြင့်လဲ ရနိုင်ပါသည်။ ဒါမှမဟုတ် သူ့အား ဂိမ်းလက်ဆောင်ပေးသလိုလိုဖြင့် ၄င်းဂိမ်းထဲတွင် Patch file ကို သွင်းပေးလိုက်ပါ။ chess.exe file ဆိုပါစို့။ ၄င်း exe file ထဲသို့ Patch သွင်းလိုက်ပါ။ ResHacker software ဖြင့် ဖန်တီးနိုင်ပါသည်။ ထို့နောက် သင်ဖန်တီးလိုက်သော chess.exe ဟာ သာမန်အတိုင်းပါပဲ။ ဘာမှမပြောင်းလဲသွားပါဘူး။ အဲဒီ ဟာကို install လုပ်လိုက်လျှင် ဂိမ်းဟာ သူ့ orginal အတိုင်းပါပဲ။ ဘာမှ ပြဿနာမပေးနိုင်ပါဘူး။ သင်ပေးလိုက်တဲ့ chess ထဲက patch file လေးက သင် hack ချင်သော ကွန်ပျူတာထဲတွင် နေရာယူပြီးသားဖြစ်ပါတယ်။ အဲဒီ file ကလဲ hidden ဖြစ်နေတာပါ။ အဲဒါဆို အဆင်ပြေသွားပါလိမ့်မယ်။ စ hack ကျတာပေါ့။…..:D ။
ဟက်ကာတွေ အသုံးပြုသော လျှို့ဝှက် အရာများ
(၁) Port Scanners Port Scanner ဆိုတာဘာလဲ
Port Scanning ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ opening port တွေကို ရှာဖို့ဖြစ်ပါတယ်။ Hacker တစ်ယောက် အတွက် အခြေခံကျတဲ့ နည်းတစ်ခုပါ။ opening port တွေကိုသိမှ hack လို့လွယ်မှာကိုး….။Hacker အနေနဲ့ server ပေါ် မှာလုပ်နေတဲ့ service တွေကို ကြည့်ခြင်းအားဖြင့် vulnerability တွေကို ရှာနိုင်ဖို့ အခွင့်အလန်းပိုများလာမှာပါ။ နာမည်ကြီးတဲ့ nmap port scan tool ကိုဒေါင်းလုတ်ချဖို့ link ပါ > http://nmap.org/download.html < Online ပေါ်မှာအခြားport scanner tool ကောင်းကောင်းတွေအများကြီးရှိပါသေးတယ်….။
Start Scanning Target Host: www.yourcompany.com
TCP Port :7 (echo) TCP Port :9 (discard) TCP Port :13 (daytime) TCP Port :19 (chargen) TCP Port :21 (ftp) TCP Port :23 (telnet) TCP Port :25 (smtp) TCP Port :37 (time) TCP Port :53 (domain) TCP Port :79 (finger) TCP Port :80 (www) TCP Port :110 (pop) TCP Port :111 (sunrp)
Port Scanning ကို ၂ မျိုးလုပ်နိုင်ပါတယ်။ ပထမတစ်ခုက Single IP port ဖွင့်ရန်အတွက်နှင့် ဒုတိယတစ်ခုကို Range IP Port ဖွင့်ရန်ဖြစ်ပါတယ်။ IP ဆိုတာက ရှေ့ကဟာကတူပြီး အနောက်က နံပါတ်ကပြောင်းလဲသွားနိုင်ပါတယ်။ ဥပမာ 192.168.1.2 , 192.168.1.3 အစသဖြင့်ပေါ့။ ဖုန်းနံပါတ်အတိုင်းပါပဲ (530-xxx) အစသဖြင့်………. Range IP ဆိုတာက တော့ ( 555-0000 to 555-9999) အထိ ကြားထဲက မည်သည့်ဂဏန်းမဆို ဖြစ်နိုင်ပါတယ်။
(၂) Trojan
Trojan အကြောင်းကတော့ Hacking မှာ မပါ မဖြစ်ကိုတွေ့ရမှာပါ။ ဘာလို့လဲဆိုတော့ Trojan တွေက ဟက်ကာတွေရဲ့လက်စွဲ virus တစ်မျိုးမို့လို့ပါ။ Trojan ပေါင်း တစ်ရာကျော်နီးပါရှိပါတယ်။ အဲဒီထဲက စုံတွဲ သဘောလိုဖြစ်နေသော Trojan အကြောင်း ဥပမာ အနေနှင့်ဖေါ်ပြထားပါတယ်။ အဲဒီ Trojan ဖြင့် ကျနော် အခုလက်ရှိမွှေနေတယ်လေ…..
Sub Seven
Sub Seven Trojan မှာ လုပ်ဆောင်နိုင်တဲ့ စွမ်းရည် အများအပြားရှိပါတယ်။ ၄င်း Trojan ဟာ ကျနော်တွေ့ဖူးသမျှ Trojan ၁၀၀ကျော်လောက်ထဲက အကောင်းဆုံး လို့ ယူဆပါတယ်။ ၄င်းရဲ့လုပ်ဆောင်နိုင်တဲ့စွမ်းရည်တွေကို အောက်မှာဖေါ်ပြထားပါတယ်။
SubSeven ဆိုတာ ဒီလိုမျိုးပါ
လုပ်ဆောင်နိုင်မှုများ
-address book
-www pager retriever -UNI2IP -remote IP scanner -host lookup -get WINDOWS CD-Key -update victim from URL -ICQ takeover -FTP root folder -retrieve dial-up passwords along with phone numbers and username -port redirect -IRC boot for a list of commands -file manager bookmarks -make folder, delete folder (Empty of Full) -process manager -text 2 speech -Restart server -Aol Instant Messenger Spy -Yahoo Messenger Spy -Microsoft Messenger Spy -Retrieve list of ICQ uins and passwords -App Redirect -Edit files - set/change screen saver settings -Restart Windows -IP Tools (Resolved Host name/ Ping IP address) -Address -City -E-Mail -Real name -Country code -Local Phone -Zip code………….အစသဖြင့်ပေါ့…….. အခြားလုပ်ဆောင်နိုင်မှုများစွာရှိပါသေးတယ်….။
NetBus
Net Bus ဆိုတာကတော့ ဟိုးအရင်တုန်းက သုံးခဲ့တဲ့ Trojan အဟောင်းတစ်မျိုးပါ။ ဒါပေမဲ့ တော်တော် များများကတော့ ၄င်းကို ခုချိန်ထိ သုံးစွဲလျှက်ရှိကြပါတယ်။ Net Bus နဲ့မွှေရတာလဲတော်တော်အဆင်ပြေပါတယ်။ စမ်းသုံးကြည့်ပေါ့……..။ သုံးနည်းကို အပေါ်တွင် ဖေါ်ပြပြီးပါပြီ။ NetBus ကို ဤသို့တွေ့မြင်ရပါတယ်။
NetBus ၏ လုပ်ဆောင်နိုင်စွမ်းများကို အထက်တွင် ဖေါ်ပြထားပါသည်။ အသေးစိတ်တော့ မဖေါ်ပြတော့ပါ။



0 comments:
Post a Comment