"THANK YOU, for visiting mysite"
Tuesday, 8 July 2014

ဆရာ

ကမ္ဘာကြီးကို ဆေးချယ်ခဲ့တာ
ပန်ပျိုးတဲ့ ဆရာတို့လက်တွေပါ...
ကမ္ဘာမြေရဲ့ အနာဂါတ်
လှပဝေဆာဖို့အတွက်
သီးပွင့်လာဦးမယ့်
အနာဂါတ်ရဲ့
ပင်ပျိုငယ်လေးတွေကို
ရေလောင်းပေါင်းသင်
ပြုပြင်မြေတောင်မြောက်
ဘ၀တွေ
တောက်ပြောင်စေခဲ့တာ
ပန်းပျိုးတဲ့
ဆရာတို့ လက်တွေပါ.....
ကြယ်တွေလည်းကြွေ
လမင်းလည်းပျောက်
စမ်းရေတွေခမ်းခြောက်လို့
ပန်းတွေကြွေ နွမ်းစေတော့
အနုပညာရဲ့ စစ်သည်တွေ
လောကရဲ့ သဘာဝကို
အလှမစီလည်း နေစေတော့
ဆရာဆိုတဲ့
ပန်ပျိုးသောလက်တွေ
ရှိနေသမျှတော့
ကမ္ဘာကြီးကတော့
ထာဝရ
လှပနေဦးမှာပဲ.........။   ။

0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။