"THANK YOU, for visiting mysite"
Saturday, 9 August 2014

♪ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည် ♫

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA

ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။

ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။

ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။

 

0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။