"THANK YOU, for visiting mysite"
Wednesday, 13 August 2014

USE FACEBOOK IN MYANMAR


(၁)လုပ်ငန်းရှင်တွေ ကဒီလိုသုံးတယ်

နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာသလို အနာဂတ် စီးပွားရေးစနစ်ဟာလည်း အင်တာနက်ကိုမှီငြမ်း အားကိုးလာပါတယ်၊ Facebook လို့ခေါ်တဲ့ လူမှုကွန်ယက်ကြီးဟာ နိုင်ငံတကာ နည်းတူ မြန်မာနိုင်ငံမှာလည်း အတိုင်းတာတစ်ခုအထိ တိုးတက်လာပါတယ်၊

ဥပမာ Media လုပ်ငန်းတွေဟာ အဓိက Facebook ကိုအားကိုလာပါတယ်၊


တစ်နည်းပြောရရင် လုပ်ငန်းရှင်တွေဟာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ် Like Page မှာလူသိများ လာစေဖို့အတွက် Online စာရေးသူတွေနဲ့ ပူးပေါင်းလာ
ပါတယ်၊ဝန်ဆောင်မှုလုပ်ငန်းတွေကလည်း ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့
နိုင်ငံတကာသတင်း၊ကားနဲ့ပတ်သက်တဲ့ ကုမ္ပဏီတွေဆိုရင်လည်း ကားနဲ့ပတ်သက်တဲ့ နိုင်ငံတကာသတင်း အစရှိတဲ့ သတင်းတွေနဲ့ စာဖတ်သူတွေကို ဆွဲဆောင်ကာ မိမိအမှတ်တံဆိပ် လူသိများလာစေဖို့အတွက် ယနေ့ လုပ်ငန်းရှင်တွေဟာFacebook ကိုအကျိုးရှိစွာ အသုံးချကြပါတယ်၊

(၂)Facebook မှာပိုက်ဆံရှာတဲ့သူ

Online စာရေးသူတွေနဲ့ဆိုင်ပါတယ်၊ဒါက နံပတ်(၁)အချက်နဲ့ ပက်သက်
ဆက်နွယ်မှုရှိပါတယ်၊ကုမ္ပဏီတစ်ခုရဲ့  လုပ်ငန်းခေါင်းစဉ်အောက်မှာ ဒီစာရေးသူတွေဟာကိုက်ညီမှုရှိတဲ့ သတင်း တွေကိုရေးသားတင်ဆက်ပေး
ရပါတယ်၊နည်းပညာနဲ့ပတ်သက်တဲ့မီဒီယာလုပ်ငန်းဆိုရင် နည်းပညာသတင်း၊
ကားနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုလုပ်ငန်းဆိုရင် ကားနဲ့ပတ်သက်တဲ့သတင်း အစရှိသည်တို့ကို လုပ်ငန်းရှင်တွေက အခကြေးငွေပေးပြီး Online ရေးသားသူတွေကို ငှားရမ်းအသုံးပြုရပါတယ်၊

အချို့အောင်မြင်တဲ့ Online စာရေးသူတွေဟာဆိုရင် ကုမ္ပဏီများစွာ
နဲ့ချိတ်ဆက်ကာ အလုပ်လုပ်နေရပြီး ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၅၀၀ အထက်ထိ အနည်းဆုံးရှိကြောင်းသိရပါတယ်၊


(၃) အလှအပအတွက်အသုံးပြုတယ်

မိန်ကလေး တွေတော်တော်များမျာအသုံးချတဲ့နည်းပါ၊အားတဲ့အချိန် ဘယ်နေရာဒေသမှာ မဆို အလှဆုံး ပုံတွေကို Post တင်ပြီး အသုံးပြုခြင်းကိုဆိုလိုတာဖြစ်ပါတယ်၊အချို့ယောင်္ကျားလေးတွေလည်း
ပါ ပါတယ်၊

(၄)ဗဟုသုတရှာဖွယ်ဖို့အတွက်အသုံးပြုတယ်

ပြည်တွင်းသတင်း၊နိုင်ငံတကာသတင်း၊နိုင်ငံရေးသတင်း အစရှိသည်
တို့ကိုရှာဖွယ်ဖတ်ရှုတဲ့သူတွေပါ၊များသောအားဖြင့် လူကြီးတွေကို
ဆိုလိုခြင်းဖြစ်ပါတယ်၊လူငယ်တွေလည်း အနည်းငယ်ပါဝင် ပါတယ်၊

(၅)ဂိမ်းကစားဖို့အတွက်အသုံးပြုတယ်

ဂိမ်းကစားဖို့အတွက်သီးသန့် အသုံးပြုတဲ့သူတွေပါ၊၊Facebook ဂိမ်းဟာ
ဆော့ရတာ လွယ်ကူတဲ့ အတွက် ယောင်္ကျားလေး၊မိန်းကလေးမရွေးပါဘူး၊

(၆)ဖျော်ဖြေမှုအတွက် အသုံးပြုတယ်

မိမိစိတ်အပန်းဖြေဖို့အတွက် ဟိုကြည့်ဒီကြည့်အသုံးပြုသူကိုဆိုလိုခြင်းဖြစ်
ပါတယ်၊ဟာသ သတင်းနှင့်ဟာသပုံကို သာအကြည့်များပြီး စိတ်ကျေနပ်ပျော်ရွှင်စေဖို့အတွက် ဖျော်ဖြေမှုအသက်သက် အသုံးပြုသူကိုဆိုလိုခြင်းဖြစ်ပါတယ်၊

(၇)နည်းမျိုးစုံသုံးတယ်

ဒါကတော့ လူအများစု အသုံးပြုမယ်ထင်ပါတယ်၊ပျော်လည်းသုံးတယ်၊
ဝမ်းနည်းလည်းသုံးတယ်၊အချစ်အတွက်လည်းအသုံးပြုတယ်၊အချို့ဆို အထက်ပါပြောပြီးသွားတဲ့ အချက်တွေအားလုံးကိုသုံးတယ်

(၈)လိမ်ညှာဖို့အတွက် အသုံးပြုတယ်

ဒါကတော့လူနည်းစုပါ၊ဟုတ်သည်ရှိမဟုတ်သည်ရှိ ပေါက်ကရသတင်းတွေကိုPost တင်ပြီး Facebook မှာ လူတကာအထင်လွဲအောင် ကောလဟာလ
ပြုလုပ်သူတွေကိုတွေကိုဆိုလိုခြင်း ဖြစ်ပါတယ်၊

အားလုံးကတော့နည်းမျိုးစုံးအသုံးပြုနေကြပါတယ်၊ဒါကတော့ကျွန်တော်
တွေ့မြင်သလောက် အသုံးပြုသူတွေကိုသာစုစည်းထားခြင်းဖြစ်ပါတယ်၊

စာဖတ်သူတွေကရော Facebook ကိုဘယ်လိုအသုံးပြုကြလည်း၊
ဒီထဲကိုမတူညီတဲ့ အချက်နဲ့အသုံးပြုတယ်ဆိုရင် Comment ပေးလို့
ဖြည့်စွက်ခဲ့လို့ရပါတယ်..

တိုးတက်ဖွံ့ဖြိုးလာမယ့် အနာဂတ်မှာ Facebook ကိုအားလုံး အကျိုးရှိစွာအသုံးချနိုင်ကြပါစေ....

ခွန်နေ(TSJ team)

0 comments:

Post a Comment

စာပို့ရန်
Press Esc to close
နည်းပညာမျှဝေရန် ငြိမ်းချမ်းအောင် (ရေနံချပ်)ဖန်တီးထားသည်။ ။